1. Skip to Menu
  2. Skip to Content
  3. Skip to Footer
English (UK)Myanmar

About Us

ကျွန်ုပ်တို့ Max Success ကုမ္ပဏီသည် ၂ဝဝ၆ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင် ငံတော် အစိုးရ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီး ဌာနတို့မှ တရားဝင် မှတ်ပုံတင်နှင့် ခွင့်ပြုလိုင်စင် ရရှိပြီးသော ကုမ္ပဏီဖြစ်ပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီ၏ အဓိက ဝန်ဆောင်မှုသည် ''ပြည်ပ အလုပ်အကိုင်နှင့် ပြည်တွင်း အလုပ်အကိုင် ရှာဖွေခန့်ထားရေး'' လုပ်ငန်း ဖြစ်ပါ သည်။ ကျွန်ုပ်တို့သည် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်၏ အသင်းဝင် ကုမ္ပဏီ တစ်ခုလည်းဖြစ်ပါသည်။

ပြည်ပအလုပ်အကိုင်အနေဖြင့် စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ဂျပန်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများရှိ ကုမ္ပဏီ များနှင့် အေဂျင်စီ၏ အလုပ်ခေါ်စာများအရ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ အင်ဂျင်နီယာလုပ်ငန်း၊ သင်္ဘောကျင်း၊ ကုန်ထုတ်စက်ရုံများ၊ ကျန်းမာရေး၊ ပင်မင်းဆိုင်၊ စားသောက်ဆိုင်နှင့် ဟိုတယ် စသည့် အမျိုးမျိုးသော လုပ်ငန်းခွင်များအတွက် သင့်တော်သော အလုပ်သမားရှာ ဖွေစုဆောင်း၍ တရားဝင် အလုပ်အကိုင်များဖြင့် ပို့ဆောင်ပေး ပါသည်။

ပြည်တွင်းအလုပ်အကိုင် အနေဖြင့် ပြည်တွင်းနာမည်ကြီး ကုမ္ပဏီများနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၏ စက်မှုကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ရေနံဓါတုလုပ်ငန်း၊ ကွန်ပျူတာနည်းပညာ၊ အင်ဂျင်နီယာ လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ပုံနှိပ်နှင့်မီဒီယာ၊ ကုန်သွယ်မှု၊ အစားသောက် ဝန်ဆောင်မှု၊ ပညာရေး ဝန်ဆောင်မှု၊ စူပါမားကတ်၊ ခရီးသွားလာရေးနှင့် ဟိုတယ် လုပ်ငန်းများသို့ သက်ဆိုင်ရာ ရာထူးအလိုက် ပညာအရည်အချင်း၊ လုပ်ငန်း ကျွမ်းကျင်မှု ရှိသော ဝန်ထမ်းများကို ရှာဖွေ ခန့်ထားပေးခြင်းဖြင့် ကုမ္ပဏီကြီးများ၏ ဝန်ထမ်းလိုအပ်မှုနှင့် အလုပ်ရှာဖွေနေသော ဝန်ထမ်းများအတွက် အကောင်ဆုံးသော အလုပ်အကိုင် အခွင့် အလမ်းများဖြင့် ချိတ်ဆက် ဆောင်ရွက်ပေးပါသည်။

ကျွန်ုပ်တို့ကုမ္ပဏီသည် ပြည်ပအလုပ်အကိုင်နှင့် ပြည်တွင်းအလုပ်အကိုင်များအတွက် ကျွမ်းကျင်အင်ဂျင်နီယာများ (စက်မှု၊လျှပ်စစ် ဆောက်လုပ်ရေး၊ ဒီဇိုင်း ပုံဆွဲ)၊ ဝါရိန်၊ ပိုက်ဆက်၊ ငြမ်းဆင်၊ လက်သမား၊ ပန်းရံနှင့် ကားစက်ပြင်၊ ကားဘော်ဒီပြင်၊ ကားဆေးမှုတ် အစရှိသော ကျွမ်းကျင်ဝန်ထမ်းများ၊ ဆရာဝန်၊ သူနာပြု၊ အရောင်းဝန်ထမ်း၊ မန်နေဂျာ၊ လက်ထောက်မန်နေဂျာ၊ အထွေထွေမန်နေဂျာ၊ ရုံးဝန်ထမ်း၊ စာရင်းကိုင်၊ ငွေကိုင်၊ စတိုဝန်ထမ်း၊ ဧည့်ကြို၊ စားပွဲထိုး၊ အိပ်ခန်းဆောင်သန့်ရှင်းရေး၊ စားဖိုမှူး၊ မီးဖိုချောင်အကူ၊ ကျန်းမာရေးနှင့် အိမ်တွင်းမှုအကူ၊ သန့်ရှင်းရေး၊ ကားမောင်းနှင့် အထွေထွေ ဝန်ထမ်းများ အစရှိသော ရာထူးများအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေခန့်ထားပေးပါသည်။

ကျွန်ုပ်တို့ကုမ္ပဏီသည် အလုပ်လျှောက်ထားသူများအတွက် လိုအပ်သောအခြေခံနှင့်အဆင့်မြင့်သင်တန်းများ သင်ကြားပို့ချပေးခြင်း၊ လမ်းညွှန်ပေးခြင်းများ ကိုဆောင်ရွက်ပေးပါသည်။

Max Success ကုမ္ပဏီ၏ ဝန်ဆောင်မှုသက်တမ်းသည် (၇) နှစ်ကျော်ရှိခဲ့ပြီဖြစ်ပါသည်။ ကျွန်ုပ်တို့ကုမ္ပဏီသည် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရှာဖွေပေးခြင်းနှင့် ကုမ္ပဏီလုပ်ငန်းရှင်များအတွက် သင့်တော်သော ဝန်ထမ်းကောင်းများရှာဖွေစုဆောင်းပေးခြင်းဖြင့် အမျိုးမျိုးသော လုပ်ငန်းနယ်ပယ်များသို့ အလုပ်အကိုင်နှင့်တကွ အောင်မြင်စွာပို့ဆောင်ပေးနေကြောင်းဂုဏ်ယူဝမ်းမြောက်စွာ အသိပေး ဖော်ပြ အပ်ပါသည်။

သင်တို့၏ အလုပ်ကိုင် အခွင့်အလမ်းကောင်းများနှင့် လူ့စွမ်းအားအရင်းမြစ် (လုပ်သား) လိုအပ်ချက်များအား ကျွန်ုပ်တို့ Max Success ကုမ္ပဏီမှ အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် သင်တို့၏ ယုံကြည်အားထားရသော အေဂျင်စီအဖြစ်အမြဲတမ်း ကြိုဆိုနေမည်ဖြစ်ပါသည်။

We have one guest and no members online

Max Success Co., Ltd

Address : No. 283(C), Second Floor, 40th Street (Upper Block), Kyauktada Township, Yangon.
Tel: 09-5189516, 09-798023500, 09-30050273, 09-254739292

Email: This email address is being protected from spambots. You need JavaScript enabled to view it. , This email address is being protected from spambots. You need JavaScript enabled to view it. , This email address is being protected from spambots. You need JavaScript enabled to view it. , This email address is being protected from spambots. You need JavaScript enabled to view it.